သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ ကစ္ဆပနဒီတံတားကို စစ်ကော်မရှင်လေတပ် ဗုံးကြဲဖျက်ဆီး

AB News – မတ် ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားကို စစ်ကော်မရှင်လေတပ်မှ ယမန်နေ့ မတ် ၁၂ ရက်၊ ညနေ ၁၀ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ အရှေ့ဘက် ကျောက်တော်တောင် ခြေရင်းရှိ ကစ္ဆပနဒီတံတားတွင် ကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ကစ္ဆပနဒီတံတားသည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို ဆက်သွယ်ထားသည့် အဓိက လမ်းကြောင်းဖြစ်ပြီး အများပြည်သူ သွားလာနေသည့် လမ်းတံတားတစ်ခုဖြစ်သည်။

မတ်လ ၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကော်မရှင်သည် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို လေကြောင်းကနေ ဗုံးကြဲခဲ့မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ကစ္ဆပနဒီတံတားအား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း စစ်ကော်မရှင်လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တံတားအောက်ရှိ ပိုက်သည်ရပ်ကွက်ကို ဗုံးကျရောက်မှုကြောင့် လူနေအိမ်တစ်ချိုနှင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ပုံစာ – ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပျက်စီးနေသည်ကို မြင်တွေ့ရခြင်း။

ArakanBayNews #AB_News #Military_Commission #Airforce #Bombed #KyaukTaw #Destoryed #ကစ္ဆပနဒီတံတား #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ