သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည် အခြေအနေ ”အေးချမ်းသွားပြီ” ဟု စစ်ကော်မရှင် ဝန်ကြီးချုပ် ပြော

AB News – ဧပြီ ၃၀၊ ၂၀၂၆

ရက္ခိုင်ပြည် အခြေအနေ ”အေးချမ်းသွားပြီ” ဟု စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်ပြောဆိုမှုအပေါ် ပြည်သူများကြား ဝေဖန်မှုမြင့်တက်လျှက် ရှိနေသည်။

ရက္ခိုင်ပြည်၏ အခြေအနေမှာ ငြိမ်းချမ်းနေပြီဟု ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုအတွင်း စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြောခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

လက်ရှိမှာ စစ်ကော်မရှင်သည် အာရက္ခတပ်တော်(AA) ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ရက္ခိုင်ပြည်ရှိ ပြည်နယ်ရုံးစိုက်ရာ မြို့တော်စစ်တွေအပါအဝင် မြို့ (၃) မြို့သာ ထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိနေပြီး ကျန် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားသည်။

ရက္ခိုင်ပြည်အတွင်းရှိ သိမ်းပိုက်ရန် ကျန်ရှိနေသော လက်ကျန်နယ်မြေ အဆုံးအဖြတ်တိုက်ပွဲများကို ၂၀၂၇ ခုနှစ်မတိုင်မီ အပြီးသတ် သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သော အာရက္ခတပ်တော် တည်ထောင်သည့် ၁၇ နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

အထူးသဖြင့် စစ်ကော်မရှင် ထိန်းချုပ်ရာ စစ်တွေနှင့် ကျောက်ဖြူမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျှက်ရှိနေသောကြောင့် မြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှာ ပြည်မဘက်သို့ စစ်ဘေးတိမ်းရှောင်မှုများ မြှင်တက်လျှက် ရှိနေသည်။

ထို့ကြောင့် စစ်ကော်မရှင် ဝန်ကြီးချုပ်ပြောဆိုသော ရက္ခိုင်မှာ ” အေးချမ်းနေပြီ” ဟု၍ ပြောဆိုမှုသည် မြေပြင်အခြေအနေများနှင့်များစွာ ကွဲလွဲမှုရှိနေကြောင်း ဒေသခံပြည်သူများက ဝေဖန်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ