
AB News – ဩဂုတ် ၁၊ ၂၀၂၆
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲမှ ဒုတိယအကြိမ်မြောက် အာရက္ခလောင်ပေါ်ပေါက်စဉ် (ထီ) ဆုမဲဖွင့်ပွဲကို ဩဂုတ်လ ၁ ရက်နေ့တွင် တရားဝင် ပြုလုပ်ကြေညာခဲ့သည်။
ယခုအကြိမ် ထီဖွင့်ပွဲတွင် ပထမဆု (ကျပ်သိန်း ၇၅၀) အဖြစ် ကံထူးသည့် ဆုမဲနံပါတ်မှာ 303243 ဖြစ်သည်။
အခြား ဆုကြီးများမှာ
ဒုတိယဆု (ကျပ်သိန်း ၅၀၀) 465193
တတိယဆု (ကျပ်သိန်း ၄၀၀) 141406
စတုတ္ထဆု (ကျပ်သိန်း ၃၀၀) 275591
ပဉ္စမဆု (ကျပ်သိန်း ၂၀၀) 104031
ဆဋ္ဌမဆု (ကျပ်သိန်း ၁၀၀) 196245၊ 651294
ထို့အပြင် သတ္တမဆု (ကျပ်သိန်း ၅၀) ဆုမဲ ၉ ဆု၊ အဋ္ဌမဆု (ကျပ်သိန်း ၁၀) ဆုမဲ ၁၀ ဆုနှင့် နဝမဆု (ကျပ်ငါးသိန်း) ဆုမဲ ၁၆ ဆု အပါအဝင် အသေးစိတ် ဆုမဲနံပါတ်များကိုလည်း ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနက ထုတ်ပြန်ထားသည်။
လောင်ပေါ်ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုငွေများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေးထားသည်။
အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲက စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ ယခုအကြိမ်သည် ဒုတိယအကြိမ် လောင်ပေါ်ဖွင့်ပွဲ၏ ဆုရလဒ်များကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။