သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရမြို့နယ်၊  သစ်ပုတ်တောင်ရွာအနီး တောင်တန်းကို စစ်ကော်မရှင်‌ဗုံးကြဲ


AB News – စက်တင်ဘာလ ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊‎ အဉ္ဇနပူရမြို့နယ်၊  သစ်ပုတ်တောင်ရွာအနီး တောင်တန်းကို အကြမ်းဖက် စစ်ကော်မရှင်‌က ယနေ့ မွန်းလွဲတွင် လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကနဦး သိရှိရသည်။

စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကော်မရှင်၏ တိုက်လေယာဉ်သည် အဉ္စနပူရမြို့ပေါ်တွင် ဝဲပျံပြီးနောက် သစ်ပုတ်တောင်ကျေးရွာ အရှေ့ဘက် တောင်တန်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်တိုက်လေယာဉ်က ၁၂ နာရီ ၄၀ မိနစ်က ကြဲတာဗျ။ မြို့ထဲဘက်မှာလဲ သုံး​ကြိမ်လောက်ဝဲနေခဲ့တယ်လို့ပြောတယ်။ ဗုံးက နှစ်လုံးကြဲတာ ရွာအရှေ့ဘက်တောင်တန်းကိုကျတယ်၊ ခန့်မှန်းရသလောက်ဆို ရွာဘုန်းကြီးကျောင်း နောက်ဘက် တောင်တန်းကိုကျတာထင်တယ်” ဟု သစ်ပုတ်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၇ ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်က သစ်ပုတ်တောင်နှင့် ကျောက်ခုတ်ကျေးရွာအနီးဝန်းကျင်ရှိ တောင်တန်းများကို ဂျက်ဖိုက်တာ ၃ စီး၊ Y-12 ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အကြမ်း‌ဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၃ ရက်နေ့မှ၍ ယနေ့ အချိန်အထိ ရက္ခိုင်ပြည်က မြို့နယ်အများစုကို ဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းများအသုံးပြုကာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူများထိခိုက်‌‌ သေဆုံးမှုများနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ