
AB News – စက်တင်ဘာ ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်၏ စခန်းနေရာဟောင်းများကို ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ အသုံးပြု၍ ၄ ကြိမ်တိုင်တိုင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာများက မြောက်ဦးမြို့ရှိ ခမရ (၅၄၀) နှင့် ခမရ (၃၇၇) တပ်ရင်းဟောင်း တည်ရှိရာ နေရာများကို ပစ်မှတ်ထား၍ အုပ်စုလိုက် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ” မြို့ပေါ်မှာ ဝဲရင်းပတ်ကြဲတာ။ ပစ်သံက ၆ ကြိမ်လောက်ကြားရတယ်။ ပြီးတေ့ာ ၅၄၀ က မီးခိုးတွေထွက်တာကို တွေ့ရတယ်” ဟု AB News သို့ပြောဆိုသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ နံနက်ပိုင်းမှစ၍ မြောက်ဦးမြို့နယ် သာမက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နေရာများကိုပါ လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်လျက်ရှိပြီး ယခုကဲ့သို့ လေကြောင်း အလွန်အကျွံ အသုံးပြု တိုက်ခိုက်မှုများကြောင့် ဒေသခံ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက် ဆုံးရှုံးနိုင်ခြေအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
အဆိုပါလေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို AB News မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
Video – crd owner
#ABNews #MraukU #RakhineState #Airstrike #MyanmarConflict #BreakingNews