သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ဒေသတွင်းလုံခြုံရေးအရ ညမထွက်ရအမိန့် ထုတ်ပြန်​

AB News – စက်တင်ဘာ ၁၇၊ ၂၀၂၆​

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်း ဒေသတွင်း လုံခြုံရေးအတွက် ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။​

အဆိုပါ ကန့်သတ်မိန့်ကို စက်တင်ဘာလ ပထမပတ်မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် လော်စပီကာများဖြင့် လိုက်လံအသိပေး ကြေညာထားခြင်းဖြစ်ပြီး ပြန်လည်မရုပ်သိမ်းခင်အချိန်ထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။​

လတ်တလောတွင် ဒေသတွင်း ခိုးမှုဖြစ်စဉ်များများပြားလာသည့်အပြင် ပဲခူး-ရက္ခိုင်အစပ်နှင့် မကွေး-ရက္ခိုင်အစပ် ဒေသများရှိ တိုက်ပွဲများအတွင်းမှ ကစဥ့်ကလျားထွက်ပြေးနေကြသော စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာနိုင်သည့်အခြေအနေများကြောင့် ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက လုံခြုံရေးကို တင်းကြပ်စွာ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။​

ထို့အပြင် တောင်ကုတ်ဘက်မှ ပြည်မဘက်သို့ တရားမဝင် ထွက်ခွာသူများအနေဖြင့် လမ်းခရီးတွင် စစ်ကော်မရှင်၏ ဖမ်းဆီးငွေညှစ်ခံရခြင်းနှင့် အဓမ္မ စစ်မှုထမ်းစုဆောင်းခံရခြင်းတို့မှ ရှောင်ရှားနိုင်ရန်နှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် ယခုကဲ့သို့ သွားလာမှု ကန့်သတ်ချက်များ စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ