သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်-ကျောက်ဖြူသို့ တစ်ပတ်လျှင် ၃ ရက်နှုန်းဖြင့် လေကြောင်းပြေးဆွဲမည်ဟု စစ်ကော်မရှင် ပြော

AB News – ဧပြီ ၂၃၊ ၂၀၂၆

ရက္ခိုင်က စစ်ကော်မရှင်ထိန်းချုပ်ရာ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့ကို တပတ်လျှင် ၃ ရက်နှုန်းဖြင့် လေယာဥ်ပြေးဆွဲရန် ဆောင်ရွက်နေကြောင် စစ်ကော်မရှင်ပိုင် မီဒီယာများတွင် ဖော်ပြကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောမြို့များသို့ ခရီးသွားပြည်သူများသွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ခရီးစဥ်များ တိုးချဲ့ပျံသန်းမှုကို ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ပြေးဆွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုခရီးစဥ်များ တိုးချဲပျံသန်းရာတွင် ရန်ကုန်မှ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များကို တပတ်လျှင် ၃ ရက်နှုန်းဖြင့် တနင်္လာနေ့တွင် (ရန်ကုန်- မာန်အောင်-ကျောက်ဖြူ-ရန်ကုန်)၊ ဗုဒ္ဓဟူးနေ့တွင် (ရန်ကုန်-ကျောက်ဖြူ-မာန်အောင်-ရန်ကုန်)နှင့် သောကြာနေ့တွင် (ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်) တို့ကို ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မာန်အောင်မြို့ကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ရန်ကုန်-မာန်အောင်-စစ်တွေ-ကျောက်ဖြူ လေကြောင်းလိုင်းခရီးစဥ်များကို လေယာဥ်ငယ်များဖြင့် ပြေးဆွဲမှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် လေယာဥ်ပြေးဆွဲမှုကို ရပ်တန့်ခဲ့ခြင်းလည်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ