သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမှ စစ်ရှောင်များကို PYAနှင့် ERG ပူးပေါင်း၍ ခြင်ထောင်နှင့် အမျိုးသမီးသုံးပစ္စည်းများ ထောက်ပံ့ခဲ့

AB News – ဇွန် ၁၃၊ ၂၀၂၆

တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စုများအတွက် အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများထဲမှ လက်ရှိအရေးပေါ် လိုအပ်လျက်ရှိသော ကယ်ဆယ်ရေးပစ္စည်းများကို ဒေသခံကူညီရေးအဖွဲ့များဖြစ်သည့် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး(PYA) နှင့်(Kyauk Phyu Emergency Response Group – ERG) တို့ပူးပေါင်းကာ ဇွန်လ ၁၀ ရက်နေ့တွင် သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

​ထိုသို့ သွားရောက်လှူဒါန်းရာတွင် စစ်ဘေးရှောင်အိမ်ထောင်စုများအတွက် ခြင်ထောင်အလုံးရေ  ၂၀၀ ခန့်အပြင် အသက် ၁၂ နှစ်မှ ၄၅ နှစ်ကြားရှိ အမျိုးသမီးများအတွက် အရေးတကြီး လိုအပ်နေသည့် အမျိုးသမီးလစဉ်သုံးပစ္စည်း ၅၀၀ ထုပ်၊ အတွင်းခံဘောင်းဘီအထည် ၂၈၀ ခန့်နှင့် ဘရာစီယာ ၂၂၄ ထည်ခန့်ကို စနစ်တကျ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

​လက်ရှိတွင် စစ်ဘေးရှောင်စခန်းများနှင့် နေရာရွှေ့ပြောင်းနေထိုင်ရသူ များပြားလာသဖြင့် ယခုထောက်ပံ့ခဲ့သည့် ပစ္စည်းများအပြင် နောက်ထပ် လိုအပ်နေသည့် နေရာများသို့ စားနပ်ရိက္ခာများနှင့် အိမ်သာဆောက်လုပ်ရန် ပစ္စည်းများကိုပါ ဆက်လက်ထောက်ပံ့နိုင်ရေးအတွက် မိဘပြည်သူများနှင့် အလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် ကူညီရေးအဖွဲ့များက မေတ္တာရပ်ခံ တောင်းဆိုထားကြသည်။

ဓာတ်ပုံ – Kyauk Phyu Emergency Response Group

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ