သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများသည့် ကျေးရွာ ၂ ရွာသို့ ULA ၏ကျန်းမာရေးအဖွဲ့မှ ကွင်းဆင်း​​ဆေးကုသပေး

AB News – စက်တင်ဘာ ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်ဖြူခရိုင်အတွင်း အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သည့် ရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်မားနေသည့် ကျေးရွာ ၂ ရွာသို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့က စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် သွားရောက်၍ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်း ဆေးကုသရေး လုပ်ငန်းစဉ်တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team – RRT) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီဝင်များ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ကွင်းဆင်းကုသမှုအတွင်း အဆိုပါ ကျေးရွာ ၂ ရွာမှ ဒေသခံ ပြည်သူ စုစုပေါင်း ၂၇၃ ဦးကို ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရသည့် ဒေသခံ ပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆက်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။

Photo – အာရက္ခပြည်သူ့ကျန်းမာရေးဌာန

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ