သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် နေအိမ်တစ်လုံး ပြိုပျက်သွားပြီး အခြားနေအိမ် ၇၀ ကျော် မြေပြိုနိုင်ခြေရှိ



AB News – ဇူလိုင် ၈၊ ၂၀၂၆
 
ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် နေအိမ်တစ်လုံး ပြိုပျက်ခဲ့ရပြီး အခြားနေအိမ် ၇၀ ကျော်မှာလည်း မြေပြိုမည့် အန္တရာယ်နှင့် ကြုံနေရကြောင်း မြိုခံများက ဆိုကြသည်။
 
မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် နေအိမ်တစ်လုံး ပြိုပျက်ခဲ့ရပြီး သစ်စက်ရုံ ၂ ရုံနှင့် အခြားနေအိမ် ၇၀ ကျော်မှာလည်း မြေပြိုမည့် အန္တရာယ်နှင့် ကြုံနေရကြောင်း မင်းပြားမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
 
“မိုးအဆက်မပြတ် ရွာနေတော့ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်။ မိုးကြီးတော့ လေးမြို့မြစ်ရေက တအားသန်တယ်။ ဒီနေ့ မနက်က ဦးစိုးတင့်ရပ်ကွက်က နေအိမ်တစ်ဆောင် ပျက်စီးသွားတယ်။ အခြား နေအိမ် ၇၀ ကျော်ဟာ ဘယ်အချိန်မဆို မြေပြိုပြီး ပြိုပျက်သွားနိုင်တယ်” ဟု ဆိုသည်။
 
လက်ရှိ ရက္ခိုင်ပြည်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဒေသခံအချို့မှာ စားဝတ်နေရေး ခက်ခဲနေကြောင်း သိရှိရသည်။
 
ထို့အပြင် ဇူလိုင်လ ၈ ရက်နေ့မှ ၁၁ နေ့အထိ ရက္ခိုင်ပြည်မြောက်ဖက်နှင့် ချင်းပြည်နယ်တို့တွင် လျှပ်တစ်ပြက် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားကြောင့် မိုးဇလဌာနက အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
 
အထူးဖြင့် ရက္ခိုင်ကမ်းရိုးတန်းနှင့် မုတ္တမကွေ့ တွင် မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိင်းအမြင့် သိသိသာသာမြင့်တက်နိုင်သဖြင့် ရေကြောင်းခရီးသွားလာမှုများကို ကြိုတင်သတိပြု သွားလာကြရန် နှိးဆော်ထားသည်။
 
ပုံစာ – လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့ရှိ နေအိမ်အချို့ မြေပြိုမည့် အန္တရာယ်နှင့် ကြုံနေရသည်ကို မြင်တွေ့ရစဉ်။(ဓာတ်ပုံ – AB News)
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ