AB News- ဧပြီ ၁၇၊ ၂၀၂၆
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု၌ တရားခံအား ဖမ်းဆီးခဲ့ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းထုတ်ပြန်ရေး အဖွဲ့မှ ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညည့်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာတွင် အရက်သေစာ သောက်စား မူးယစ်ပြီး အချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဥ်၌ ကျူးလွန်သည့် တရားခံကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာနမှ ချက်ချင်းဖမ်းဆီးကာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်မာ ကျောက်ဆိပ်ရွာမှ လွင်မိုးသူ(၃၂နှစ်) သည် တရွာတည်းနေ ဇော်ဝင်း(၄၇ နှစ်) နှင့်တူတူ ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ ညဇာ (၆) နာရီ (၃၀) မိနစ်အချိန်တွင် ကျောက်ဆိပ်ရွာဘုန်းကြီး ကျောင်းဝင်းအတွင်း၌ အရက်တူတူသောက်စားရာမှ အချင်းချင်းစကားများကာ လွင်မိုးသူအား ဇော်ဝင်းမှ အလျား (၆) လက်မ၊ထုထည် (၂)လက်မခန့်ရှိ ကျောက်တုံးနန့် ထုသတ်ခဲ့သဖြင့် လွင်မိုးသူ၏ ဦးခေါင်း နောက်စိတွင် (၂) လက်မခွဲခန့် ပေါက်ပြဲ ဒဏ်ရာ (၂) ချက်ရရှိကာ ယင်းနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူ ဇော်ဝင်းကို ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်တန်းလာသဖြင့် သက်ဆိုင်ရာနယ်မြေ ဒီလပ်စခန်းသည် ကနဦး စုံစမ်း စစ်ဆေးမှုများပြု လုပ်ခဲ့ကြောင်းသိရသည်။
(ပ)၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ညည့်တွင်းချင်း အမှုဖွင့်ပြီး ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၂) နာရီ(၁၀)မိနစ်အချိန်တွင် တရားခံ ဇော်ဝင်းကို ဖမ်းဆီး၍ ဥပဒေလုပ်ထုံး၊လုပ်နည်းများနန့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – အာရက္ခမှုခင်းနှင့် ဆက်စပ်
သတင်းများ ထုတ်ပြန်ရေးအဖွဲ့


