AB News – အောက်တိုဘာ ၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာအကြား တည်ရှိသည့် ယိုးငူ၊ ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်ကော်မရှင်တပ်က ယနေ့ အောက်တိုဘာ ၄ ရက်၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ရှေ့ဆင့်နောက်ဆင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်းရှိ လူနေအိမ်များနှင့် ဈေးဆိုင် အများအပြား မီးလောင် ပျက်စီးသွားခဲ့ပြီး၊ လက်ရှိ အချိန်အထိ ရရှိထားသော သတင်းအချက်အလက်များအရ အပြစ်မဲ့ စစ်ဘေးရှောင် အရပ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် အရပ်သား စစ်ဘေးရှောင်များ နေထိုင်ရာ စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် ထိခိုက်သေဆုံးမှု စာရင်းများကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။
ပုံ – AA Info Desk
