သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ် ကြောင်ချောင်းရွာကို စကမ ဂျက်ဖိုက်တာ ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၄ ဦးသေဆုံး

Breaking News

AB News – မတ် ၂၉၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကြောင်ချောင်းကျေးရွာကို ယနေ့ညနေပိုင်းတွင် စစ်​ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

ယနေ့ မတ်လ ၂၉ ရက်၊ ညနေ ၄ နာရီကျော်အချိန်တွင် စကမ လေတပ်မှ ဂျက်ဖိုက်တာ (၂) စီးဖြင့် ကြောင်ချောင်းရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ အတည်ပြု ပြောကြားသည်။

“ဒီနေ့ညနေ ၄ နာရီကျော်လောက်မှာ ကြောင်ချောင်းရွာကို စကမက ဗုံးလာကြဲသွားတာ။ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးသွားတယ်လို့သိရတယ်။ ဘာတိုက်ပွဲမှမရှိပဲ လာကြဲသွားတာပါ။ အပျက်အစီး အခြေအနေတော့ အတိအကျ မသိရသေးဘူး။ ထပ်လာကြဲမှာကိုလည်း ကြောက်နေရတယ်” ဟု ဆိုသည်။

စစ်​ကော်မရှင်သည် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ လူနေကျေးရွာများကို ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများနှင့် နောက်ဆက်တွဲ ထိခိုက်မှုအခြေအနေများအား Arakan Bay News ကဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

AB_News #BreakingNews #Paletwa #AirStrike #MyanmarMilitary #WarCrime #CivilianCasualties #JetFighterAttack #KyoungChaungVillage #ChinState #StopAirStrikes #MyanmarCoup

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ