သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် စစ်လှေတိမ်းမှောက်၍ လူငယ်တစ်ဦးသေဆုံး

AB News – သြဂုတ် ၁၈၊ ၂၀၂၆

ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ချောင်းတွင် စက်လှေတိမ်းမှောက်၍ လူငယ်တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် ဂူဝကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ကိုဌေးနိုင်ဖြစ်သည်။

၎င်းသည် ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ မွန်းတည့် ၁၀ နာရီအချိန်ခန့်တွင် ရှင်းလက်ချောင်းထဲရှိ ခုံသောင်တွင် စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် ကိုဌေးနိုင်မှာ ရေထဲသို့ မျှောပါပျောက်ဆုံးသွားခဲ့သည်။

ထို့နောက် ၎င်းအား ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းရှာဖွေခဲ့ကြရာ ညနေ ၄ နာရီ ၁၇ မိနစ်အချိန်တွင် သေဆုံးသူ၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်နှင့် ယင်း၏ မြစ်လက်တက်များဖြစ်သည့် ရှင်းလက်ချောင်း အပါအဝင် ရေလမ်းကြောင်းများသည် ဒေသခံများ သွားလာရေးအတွက် အဓိက အားထားရသည့် လမ်းကြောင်းများဖြစ်ပြီး မိုးရာသီကာလများတွင် ရေစီးသန်ခြင်းနှင့် လှိုင်းကြီးခြင်းတို့ကြောင့် မကြာခဏ ရေယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။

ပုံစာ – ပလက်ဝမြို့နယ်၊ ရှင်းလက်ချောင်းတွင် သြဂုတ်လ ၁၈ ရက်နေ့က နစ်မြုပ်သွားသည့် စက်လှေအားတွေ့ရစဥ် (Photo – AB News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ