သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုတိယအကြိမ် အာရက္ခလောင်ပေါ်တွင် အမြင့်ဆုံးဆုကြေးငွေ ကျပ်သိန်း ၇၅၀ အထိ တိုးမြှင့်

AB News – ဇူလိုင် ၄၊ ၂၀၂၆

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနက ကြီးမှူးရောင်းချသည့် ဒုတိယအကြိမ်မြောက် အာရက္ခလောင်ပေါ် (ထီ) ၏ အမြင့်ဆုံးကံစမ်းမဲဆုကြေးငွေကို ငွေကျပ် သိန်း ၇၅၀ အထိ တိုးမြှင့်လိုက်ပြီ​​ဖြစ်​ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လက ပထမဆုံးအကြိမ်အဖြစ် စတင်ရောင်းချခဲ့သည့် အာရက္ခလောင်ပေါ်တွင် အမြင့်ဆုံး ဆုကြေးကို ကျပ်သိန်း ၅၀၀ သာ သတ်မှတ်ခဲ့သော်လည်း ယခု ဒုတိယအကြိမ်တွင် ဆုကြေးငွေ ကျပ်သိန်း ၂၅၀ အား ထပ်မံတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် အာရက္ခလောင်ပေါ်လက်မှတ်များကို အာရက္ခဒေသရှိ မြို့များတွင် ဇူလိုင်လ ၄ ရက်နှင့် ဇူလိုင်လ ၅ရက်နေ့တို့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ဒေသခံတစ်ဦးက “မြောက်ဦးမြို့မှာတေ့ာ ဒီနေ့ စရောင်းနေပြီ။ တချို့မြို့တွေမှာတေ့ာ ဇူလိုင်လ ၅ ရက်နေ့မှ စရောင်းမှာလို့ သိရတယ်။ ဒါပေမယ့် အခု ဆုကြေးငွေကို သိန်း ၇၅၀ ကျပ်ထိ မြှင့်တင်လိုက်ပြီဆိုတေ့ာ ပြည်သူတွေလည်း အတော့်ကို ဝမ်းသာနေကြပါတယ်” ဟု AB News သို့ ပြောဆိုသည်။

ပြီးခဲ့သည့် ပထမအကြိမ်တွင် အမြင့်ဆုံး သိန်း ၅၀၀ ဆုအပြင် ဒုတိယဆု ငွေကျပ် သိန်း ၃၀၀ (၁ ဆု)၊ တတိယဆု ငွေကျပ် သိန်း ၂၀၀ (၁ ဆု)၊ စတုတ္တဆု ငွေကျပ် ၅၀ သိန်း (၆ ဆု)၊ ပဥ္ဇမဆု ငွေကျပ် ၁၀ သိန်း (၁၀ ဆု)၊ ဆဋ္ဌမဆု ငွေကျပ် ၅ သိန်း (၂၀ ဆု) တို့ကို အသီးသီး ခွဲဝေချီးမြှင့်ခဲ့သည်။

အဆိုပါ လောင်ပေါ်လက်မှတ်များကို ဒေသခံပြည်သူများအနေဖြင့် ဝယ်ယူနိုင်စေရန်အတွက် တစ်စောင်လျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့်ပင် ဆက်လက်သတ်မှတ် ရောင်းချပေးနေခြင်းဖြစ်ပြီး ဆုကြေးငွေ တိုးလာမှုအပေါ် ကံစမ်းကြမည့် အာရက္ခပြည်သူများအကြား စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ