သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော လေကြောင်းတိုက်ခိုက်ခံရမှုတွင် စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

AB News – ဇူလိုင် ၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းရှိ စစ်သုံ့ပန်းများထားသည့် အကျဉ်းထောင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း သိရသည်။

ယမန်​နေ့ ဇူလိုင်လ ၂ ရက်နေ့၊ ညနေ ၃ နာရီကျော်ခန့်က စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ ၂ စီးသည် ​ကြိမ်ချောင်းရှိ စစ်သုံ့ပန်းများထားရာ အကျဉ်းထောင်ကို ပေါင် ၅၀၀ ဗုံး ၆ လုံး၊ Y-12 ၁ စီးဖြင့် ၅ ကြိမ်ကြဲချတိုက်ခိုက်ရာတွင် ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အကျဉ်းစခန်းရှိ အကျဉ်းသားများကို ဆေးကုသရန်တာဝန်ပေးထားသည့် စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦး အပါဝင် ၄ ဦး နေရာ၌ပင် သေဆုံးသွားပြီး အဆောင်တစ်ချို့လည်း ပျက်စီးသွားကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ ယမန်နေ့ ဇူလိုင် ၁ ရက်၊ ညဉ့် ၁၀ နာရီကျော်အချိန်ကလည်း မောင်တောမြို့တွင်းနှင့် အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း မောင်တောမြို့ဝင်မုဒ်ဦး၊ ၃ မိုင် ပတ်ဝန်းကျင်ရှိ ကားလမ်းမများနှင့် နခခ ၅ အနီးဝန်းကျင်တို့တွင် ဗုံးအလုံးရေ ၁၀ ကျော် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

​မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း လေကြောင်းဗုံးကြဲမှုများနှင့်အတူ စစ်ကော်မရှင်တပ်နှင့် ARSA တို့အကြား နားလည်မှုယူကာ လှုပ်ရှားနေမှုများ ရှိနေနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

စစ်ကော်မရှင်က ဝေဟင်မှ တိုက်ခိုက်ပြီး ARSA က မြေပြင်တွင် ခြေကုပ်ပြန်ယူရန် ကြိုးပမ်းနေသည့်အပြင် လူ့အခွင့်အရေးလှုပ်ရှားသူအချို့၏ နှုတ်ဆိတ်နေမှုများအပေါ်တွင်လည်း ဝေဖန်မှုများ ရှိနေသည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ