သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ရွှေထည်ပစ္စည်း ခိုးယူသူတစ်ဦးကို DLEPS ဖမ်းဆီး

AB News – ဧပြီ ၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမတွင် ရွှေထည်ပစ္စည်းများအား ခိုးယူသူ တစ်ဦးကို ခိုးရာပါပစ္စည်းများနှင့်အတူ DLEPS မှ မတ်လ ၂၅ ရက်နေ့ ညနေပိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရွှေထည်ပစ္စည်းများ ခိုးမှုဖြင့် DLEPS ဌာနမှ ဖမ်းဆီခဲ့သူမှာ တန်းလွဲရွာမ၊ အမှတ် ၁ ရပ်ကွက်မှ မိပြုံးချို ၂၀ နှစ် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မာ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမနေ(အဖ) ဦးထွန်းချေ၏ သမီး ဒေါ်လှလှအေး ၃၃ နှစ်သည် ဖေဖော်ဝါရီလ ၄ ရက်နေ့၊ မွန်းလွှဲ ၁၂ နာရီကျော်အချိန်တွင် ၎င်း၏ သားဖြစ်သူ အေးမင်းစိုးအား နေအိမ်၌ အစောင့်ထားလျက် ရပ်ကွက်အတွင်းရှိ ရှင်ပြုအလှူပွဲသို့ ကူညီလုပ်ကိုင်ပေးရန် သွားရောက်ခဲ့သည်။

ယင်းနေ့ ညနေ ၃ နာရီတွင်ဒေါ်လှလှအေး ပွဲမှ နေအိမ်သို့ ပြန်ရောက်သည့်အခါ သေတ္တာထဲ၌ ထည့်ထားခဲ့သော ရွှေ ၁၅ ပဲရည်ခန့်ရှိသည့် ဆွဲကြိုးတစ်ပင်၊ ၉ ပဲခန့် ရှိသော ဆွဲကြိုးတစ်ပင်နှင့် ၄ ပဲခန့်ရှိသော လက်ကောက် ၃ ကွင်း၊ စုစုပေါင်းအလေးချိန် ၁၂ ပဲခန့် (ကာလပေါက်စျေး ငွေကျပ် သိန်း ၂၀၀ ခန့်ရှိ) ရွှေထည်များ ပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့် DLEPS ဌာနသို့ လာရောက်၍ တိုင်တန်းရာ တောင်ကုတ်မြို့မ DLEPS စခန်း၏ (ပ)၂၄/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ- ၃၈၀ အရ အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါခိုးမှုနန့် ပတ်သတ်၍ DLEPS ဌာနမှ ကနဦး စုံစမ်းမှုများ ပြုလုပ်ကာ သံသယတရားခံအား စနစ်တကျ စစ်ဆေး ဖော်ထုတ်ရာတွင် တန်းလွဲရွာမ၊ အမှတ် (၁) ရပ်ကွက်နေ (အဖ) ဦးခင်ဇော်ဦး၏ သမီး မိပြုံးချို(၂၀နှစ်)မှ ပျောက်ဆုံးနေသော ရွှေထည်ပစ္စည်းများကို ခိုးယူမိကြောင်း ဝန်ခံ ထွက်ဆိုသဖြင့် မိပြုံးချိုအား မတ်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီ၊ ၂၀ မိနစ်တွင် ခိုးရာပါသက်သေခံ ရွှေထည်ပစ္စည်းများနန့်တကွ သိမ်းဆည်း၍ ဥပဒေအကြံပြုချက်နန့်အညီ တရားစွဲဆိုသွားမည် ဖြစ်ကြောင်းသိရှိရသည်။

လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ သုံးလအတွင်း ဒီလပ်ဌာနမှ အရေးယူဆောင်ရွက်ခဲ့သည့် ခိုးမှုပေါင်း ၇၀ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ArakanBayNews #AB_News DLEPS #ULA_AA #Arrested #ရွှေထည်ပစ္စည်းခိုးယူသူ #TaungupTown #Rakhine_News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ