သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဇူလိုင်လ ၁၀ ရက်နေ့ ကျောက်တော်မြို့နယ်အတွင်း ရေနစ်မြုပ်မှု အခြေအနေ

မောင်တောတွင် တောင်ကျရေကြောင့် စိုက်ခင်းအချို့ ရေနစ်မြုပ် ပျက်စီး ( ရုပ်/သံ)

AB News – ဇူလိုင် ၁၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေး စိုက်ခင်းများ ရေနစ်မြုပ်ကာပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်း AB News က ကွင်းဆင်း တွေ့ရှိရသည်။

ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ငါးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေများ တိုးဝင်လာမှုကြောင့် မောင်တောမြို့နယ် ကံပြင်သာစည်ကျေးရွာ၊ ရွာယာသာကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ စိုက်ပျိုးထားသည့် သခွားသီးစိုက်ခင်းများနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ခင်းအများအပြား ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။

ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ခင်းများ၏ ကာလတန်ဖိုးမှာ စုစုပေါင်း ကျပ်သိန်း ရာကျော်ခန့်ရှိပြီး လက်ရှိတွင် စိုက်ခင်းပိုင်ရှင် တောင်သူများမှာ ပြန်လည်စိုက်ပျိုးနိုင်ရန် အရင်းအနှီး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်အတွင်း မိုးဆက်လက်ရွာသွန်းနေမှုကြောင့် ကျေးရွာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး စိုက်ပျိုးရေးယာခင်းများ ထပ်မံပျက်စီးနိုင်သည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခြင်းကြောင့် မောင်တောမြို့နယ်အပြင် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့တွင်လည်း မြစ်ရေမြင့်တက်ခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ရက္ခိုင်ပြည် မြောက်ပိုင်းရှိ မြေနိမ့်ဒေသများနှင့် မြစ်၊ ချောင်းအနီးရှိ ကျေးရွာများတွင် ရေနစ်မြုပ်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပြီး ဒေသခံပြည်သူများ၏ နေအိမ်များပါ ရေဝင်ရောက်လာသဖြင့် ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းဒေသများနှင့် နီးစပ်ရာ တောင်တန်းဒေသများသို့ အရေးပေါ် ရွှေ့ပြောင်းတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ