
AB News – စက်တင်ဘာ ၃၊ ၂၀၂၆
ရက္ခိုင်ပြည်တောင်ပိုင်း၊ ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဘက်သို့ ပင်လယ်ပြင်၌ တပ်စွဲထားသည့် စစ်ကော်မရှင် စစ်သင်္ဘောများပေါ်မှ ရေကြောင်းမှ စတင်ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အရေးပေါ် သတိပေး ထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၂ မိနစ်ခန့်မှ စတင်၍ စစ်ကော်မရှင်၏ ရေတပ်စစ်သင်္ဘောများက ပင်လယ်ပြင်မှနေ၍ အဆိုပါ မြို့များနှင့် အနီးပတ်ဝန်းကျင် ဒေသများသို့ လက်နက်ကြီးများဖြင့် အဝေးမှ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယင်းသို့ ရေကြောင်းမှ ရုတ်တရက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းနှင့် ရေကြောင်း အန္တရာယ်များကို အထူးဂရုပြုနေထိုင်ကြရန် အာရက္ခတပ်တော်က အသိပေးထားသည်။
လက်ရှိ ရေကြောင်း ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်များကိုမူ ဆက်လက် စုံစမ်း ဖော်ပြပေးသွားမည် ဖြစ်သည်။
Photo – Arakan Bay News