သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁ ဦး အထိရှိလာကြောင်း  AA ထုတ်ပြန်

AB News – ဩဂုတ် ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ကျောက်ကြီးကျေးရွာလေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁ ဦး အထိရှိခဲ့ကြောင့် အာရက္ခတပ်တော် AA က ယနေ့တွင် ထပ်မံထုတ်ပြန်ထားသည်။

ယမန်နေ့၊ သြဂုတ်လ ၁၀ ရက်နေ့၊ နေ့လည် (၁) နာရီကျော်အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် ၆ နှစ်အရွယ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၁၄ ဦးအထိရှိခဲ့ကြောင်း AA က ဆိုသည်။

ထို့ပြင် ဒဏ်ရရာရှိသူများမှာ သက်ကြီးအရွယ် အမျိုးသား (၄) ဦးနှင့် အမျိုးသမီး(၁)ဦးအပါအဝင် စုစုပေါင်း (၁၁)ဦးအထိရှိကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ကျောက်ကြီးရွာအတွင်းရှိ ဓမ္မာရုံ ၁ လုံးအပါအဝင် လူနေအိမ် ၂၀ ဆောင် ပျက်စီးခဲ့ပြီး စုစုပေါင်း ၂၁ ဆောင်ထိုက်ခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ