
AB News – ဩဂုတ် ၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က ယနေ့ ဩဂုတ်လ ၄ ရက် ည ၈ နာရီ ၃၁ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ လေကြောင်းမှ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် တိုက်ခိုက်ခံရသည့် နေရာအသေးစိတ်၊ ထိခိုက်ပျက်စီးမှုနှင့် လူထိခိုက်သေဆုံးမှု အခြေအနေများကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အသေးစိတ်အချက်အလက်များကို အတည်ပြုရရှိသည်နှင့် ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။