သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခဒေသအတွင်း နိုင်ငံခြားအရက် တင်သွင်း၊ ဖြန့်ဖြူးခြင်းအား ယာယီကန့်သတ်ချက်ဖြင့် ULA ခွင့်ပြု

AB News-ဧပြီ ၂၊ ၂၀၂၆

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ဗဟိုဌာနချုပ်မှ အာရက္ခဒေသအတွင်းသို့ နိုင်ငံခြားဖြစ်အရက်များ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းတို့နှင့် ပတ်သက်၍ ယာယီခွင့်ပြုကာလနှင့် စည်းကမ်းချက်များကို ယမန်နေ့ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ULA အနေဖြင့် နိုင်ငံခြားဖြစ် အရက်ယမကာများကို အချိန်ကာလ အပိုင်းအခြားအလိုက် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး တင်သွင်းခွင့်ကာလ ဧပြီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၉ ရက်တာ ခွင့်ပြုမည်ဖြစ်ပြီး ဖြန့်ဖြူးရောင်းချခွင့်ကာလ ဧပြီလ ၁ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ခွင့်ပြုမည် ဖြစ်သည်။

သတ်မှတ်ထားသည့် တင်သွင်းခွင့် ကာလအတွင်း ရောက်ရှိလာသော အရက်များကို ထုတ်ပြန်ချက် ထွက်ရှိသည့်နေ့မှစ၍ ၇ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဌာနများတွင် အခွန်အခများပေးဆောင်ရမည်ဖြစ်ပြီး အခွန်ပေးဆောင်ပြီးသည့် အရက်များကိုသာ ပြန်လည်ရောင်းချခွင့် ရှိမည်ဖြစ်သည်။

သတ်မှတ်ကာလ ကုန်ဆုံးပြီးနောက်ပိုင်းတွင်လည်း နိုင်ငံခြားအရက်များကို ဆက်လက်တင်သွင်း၊ ထုတ်လုပ် သို့မဟုတ် ရောင်းချလိုပါက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးဌာနများမှတဆင့် အရက်ထိန်းချုပ်ရေးအဖွဲ့ (Alcohol Control Board – ACB) သို့ ကြိုတင်လျှောက်ထားပြီး လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် ရယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စာရင်းတွင် ဖော်ပြထားသည့် တားမြစ်ထားသည့် အရက်ယမကာများကို လက်ဝယ်ထားရှိသူများအနေဖြင့် ၇ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူမည့်အပြင်၊ လုပ်ငန်းရှင်ကို နာမည်ပျက်စာရင်း(Black-list) သွင်း၍ နောက်နောင်တွင် လုပ်ငန်းလိုင်စင် လျှောက်ထားခွင့်ကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။

ArakanBayNews #AB_News #ULA_AA #နိုင်ငံခြားအရက်တင်သွင်း၊ဖြန့်ဖြူးခြင်း #ယာယီကန့်သတ်ချက်ဖြင့်ခွင့်ပြု

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ