သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ လူငယ်တစ်ဦးဒဏ်ရာရ

AB News – စက်တင်ဘာ ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သား ကျေးရွာများကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် (၂၀) အရွယ် ဒေသခံ လူငယ်တစ်ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ သံတွဲမြို့နယ်၊ အိုးမြေကျေးရွာမှ အသက် (၂၀) အရွယ် ကိုခန့်မင်းသူ ဖြစ်သည်။

ယမန်နေ့ စက်တင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၃ စီးဖြင့် သံတွဲမြို့နယ်၊ သစ်ငုတ်တို၊ ကျေးပင်နှင့် အိုးမြေကျေးရွာ အနီးဝန်းကျင်နေရာများကို ဗုံး ၁၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အိုးမြေကျေးရွာနေ ကိုခန့်မင်းသူ (၂၀ နှစ်) ၏ ဘယ်ဘက်ပေါင်တွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကြောင်းသိရသည်။

မြေပြင် တိုက်ပွဲများတွင် စစ်ရေး အရေးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် သံတွဲမြို့နယ်အပါအဝင် အာရက္ခဒေသအတွင်းရှိ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများကို နေ့စဉ်နှင့်အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိ​နေသည်။

ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှု မြင့်တက်နေသည့်အပြင် ဒေသခံများ၏ အိုးအိမ် အဆောက်အအုံများပါ ပျက်စီးဆုံးရှုံးလျက်ရှိသည်။

ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ