သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် Grade-8 ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ

AB News – စက်တင်ဘာ ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပါးတော်ကျေးရွာတွင် အသက် (၁၅) နှစ်အရွယ် Grade-8 ကျောင်းသားတစ်ဦး ဖခင်ဖြစ်သူနှင့် စကားများရာမှ နေအိမ်မှ ထွက်သွားပြီးနောက် လက်ရှိအချိန်ထိ ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူမှာ မြောက်ဦးမြို့နယ်၊ ပါးတော်ကျေးရွာမှ အဖ ဦးမောင်သိန်းဝင်းနှင့် မိခင် ဒေါ်ဦးနုစိန်တို့၏ သားဖြစ်သူ Grade-8 ကျောင်းသား မောင်မင်းဟိန်းစိုး (၁၅) နှစ် ဖြစ်သည်။

၎င်းသည် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ဖခင်ဖြစ်သူနှင့် စကားများခဲ့ပြီးနောက် သူငယ်ချင်းများနှင့်အတူ ကျေးရွာဘုန်းကြီးကျောင်းတွင် သွားရောက်အိပ်စက်ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၄ ရက် နံနက် ၅ နာရီဝန်းကျင်တွင် အဆိုပါ ကျောင်းမှ ထွက်ခွာသွားခဲ့ပြီး ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်မှ ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ ၅ ရက်တာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

“ပျောက်နေတာ ၅ ရက်လောက်ရှိပြီ၊ ဘာသတင်းမှလည်း မရဘူး။ အဖေနဲ့ အမေလည်း သူငယ်ချင်းအိမ်တွေ၊ ဆွေမျိုးအိမ်တွေ သွားရှာတယ်၊ ရောက်မလာဘူးလို့ ပြောတယ်။ အနီးနား ရွာတွေကိုလည်း သွားရှာပြီးပြီ၊ ရှာမတွေ့ဘူး။ အဖေနဲ့ အမေဆိုရင် စိတ်ပူလွန်းလို့ ဘာလုပ်ရမှန်းတောင် မသိဖြစ်နေကြတယ်” ဟု အစ်မဖြစ်သူက AB News သို့ ပြောသည်။

လက်ရှိတွင် အဆိုပါ မိသားစုမှာ အထူးစိုးရိမ် ပူပန်နေကြပြီး မောင်မင်းဟိန်းစိုးအား တွေ့ရှိသူများ သို့မဟုတ် သတင်းရရှိသူများအနေဖြင့် အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားသည်။

ပုံစာ – မြောက်ဦးမြို့နယ်၊ ပါးတော်ကျေးရွာမှ ပျောက်ဆုံးသွားသည့် Grade-8 ကျောင်းသားအားတွေ့ရစဥ် (ပုံ – ပေးပို့)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ