သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎တောင်ကုတ်ခရိုင်အတွင်းရှိ ကျောက်ဖြူ၊ သံတွဲမှ စစ်ဘေးရှောင်များကို ULA က စားနပ်ရိက္ခာ ထောက်ပံ့‎


‎AB News – စက်တင်ဘာ ၁၁၊ ၂၀၂၆
‎
‎ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်းရှိ ကျောက်ဖြူနှင့် သံတွဲမြို့နယ်မှ စစ်ဘေးရှောင်များအား ယမန်နေ့  စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
 
“အခုလို ဆန်ဈေးတွေ တက်နေတဲ့အချိန်မှာ ကျမတို့ စစ်ရှောင်တွေဟာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ ဒီလိုအချိန်မှာ ULA က စားနပ်ရိက္ခာတွေ လာပြီး ထောက်ပံ့တော့ ကျမတို့ စစ်ဘေးရှောင်တွေအတွက် အဆင်ပြေသွားကြပါတယ်” ဟု သံတွဲမြို့နယ်မှ ဒေါ်စန်းတင်မြ က ဆိုသည်။
 
၎င်းထောက်ပံ့မှုတွင် စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၂၈ ဗူးနှုန်းနှင့် မိသားစုအလိုက် ငါးပိ၊ ငါးခြောက်နှင်း ဆားတို့ကို ထောက်ပံ့ခဲ့ပြီး ULA မှ ပါတီဝင်များနှင့် အုပ်ချုပ်‌ရေးဌာနမှ တာဝန်ရှိသူများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
 
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း တောင်ကုတ်မြို့နယ်အတွင်းရှိ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များကို  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ဇင်ချောင်းလူငယ်ပရဟိအသင်းတို့ စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
 
ပုံစာ – တောင်ကုတ်မြို့နယ်အတွင်းရှိ ကျောက်ဖြူ၊ သံတွဲမှ စစ်ရှောင်ပြည်သူများအား ULA မှ စားနပ်ရိက္ခာများ ထောက်ပံ့နေစဉ်။ (ဓာတ်ပုံ – Arakan Bay News)
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ