သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် လူငယ် ၅၅ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေကြောင်း YLO စစ်တမ်း ဖော်ပြ



AB News – ဇွန် ၂၄၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် လူငယ် ၅၅ ရာခိုင်နှုန်းသည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေကြောင်း (Youth Lead Oragnization-YLO) ၏ ၂၀၂၆ ခုနှစ် ဧပြီလမှ မေလအထိ ကောက်ယူခဲ့သော Livelihood Need Assessment Report တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

YLO မှ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များရှိ ကျေးရွာအုပ်စု (၅) ခုတွင် စစ်တမ်းကောက်ယူခဲ့ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်ကြား လူငယ် ( ၅၇) ဦး ပါဝင်ဖြေဆိုခဲ့ကြကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းများအရ လူငယ်များ၏ ၅၅ ရာခိုင်နှုန်းသည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်ရှိသူများ၏ ၄၀ ရာခိုင်နှုန်းမှာ လစဥ်ဝင်ငွေ ၁ သိန်းကျပ် အောက်သာရရှိကြောင်း ဆိုထားသည်။

ထို့ပြင် လူငယ် ၆၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ပညာအရည်အချင်းနှင့် လက်ရှိအလုပ် မကိုက်ညီကြောင်း တုံပြန်ထားပြီး အလုပ်လက်မဲ့ဖြစ်ရသည့်အကြောင်းအရင်းများမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း (၇၀%)၊ လိုအပ်သောကျွမ်းကျင်မှုမရှိခြင်း (၆၀%)နှင့် ကိုယ်ပိုင်လုပ်ငန်း စတင်ရန်ငွေကြေးမရှိခြင်း (၄၀%) တို့ကြောင့်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပဋိပက္ခကြောင့် စစ်တမ်းဖြေဆိုသူ ၄၀ ရာခိုင်နှုန်းသည် နေရပ်စွန့်ခွာခဲ့ရပြီး ၆၀ ရာခိုင်နှုန်းက အလုပ်အကိုင် သို့မဟုတ် ဝင်ငွေထိခိုက်ခဲ့ရကြောင်း ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ