သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရ

AB News – ဇွန် ၂၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာကို စစ်ကော်မရှင်က ယမန်နေ့ ညနေပိုင်းအချိန်ခန့်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မနှောင်းသဇင်ထွေး၊ အသက် ၅၂ နှစ်အရွယ် ဦးချစ်ဆွေ၊ အသက် ၅၅ နှစ်အရွယ် ဒေါ်လှကေသီနှင့် အသက် ၆၀ နှစ်အရွယ် ဦးကျော်ဝင်းတို့ဖြစ်ကြသည်။

စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ကံ့ကော်တောင်ကျေးရွာကို ယမန်နေ့၊ ဇွန်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီ ၁၈ မိနစ်အချိန်တွင် တစ်ကြိမ်နှင့် ၁၀ နာရီ ၂၇ မိနစ်တွင်တစ်ကြိမ် နှစ်ကြိမ်ကြိမ်တိုင်တိုင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ကံ့ကော်တောင်ကျေးရွာရှိ ခရစ်ယာန်ကျောင်းနားနှင့် စာသင်ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၄ ဦး ဒဏ်ရာရရှိသွားခြင်းအပြင် ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် လူနာတင်ကားတစ်စီးပျက်စီးသွားပြီး နွား ၂ ကောင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် ၁ နာရီ၊ ၂၃ မိနစ်အချိန်ခန့်က ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ သိပ္ပံလမ်းနှင့် ကိန္ဒရီလမ်းတိုကို စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ