သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် မသန်စွမ်းသူဦးရေ ၅၀၀ နီးပါး ထပ်မံမြင့်တက်လာဟု အာရက္ခလေ့လာရေးစင်တာ ထုတ်ပြန်

AB News – အောက်တိုဘာ ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ ၃ သန်းကျော်ရှိသည့်အနက် မသန်စွမ်းသူဦးရေ ၅ သိန်းကျော်ရှိခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် မသန်စွမ်းသူဦးရေ ၅၀၀ နီးပါးအထိ ထပ်မံမြင့်တက်လာကြောင်း အာရက္ခလေ့လာရေးစင်တာ (Arakan Center for Studies) ၏ လေ့လာချက်အရ သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ဘေးဒဏ်ကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ မြောက်ဦးမြို့နယ်တွင် ၂၃၀ ဦး၊ အဉ္ဇနပူရမြို့နယ်တွင် ၁၂၉ ဦး၊ ကျောက်တော်မြို့နယ်တွင် ၉၀ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄၇ ဦး၊ စုစုပေါင်း မသန်စွမ်းသူ ၄၉၆ ဦးအထိ ထပ်မံတိုးလာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မသန်စွမ်းဖြစ်ရခြင်းမှာ စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနင်းမိခြင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုများကြောင့်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများအပြင် အကြားစွမ်းရည်နှင့် အမြင်စွမ်းရည် ထိခိုက်ပျက်စီးမှုများကို ပြင်းထန်စွာ ခံစားခဲ့ကြရသည်။

ထို့အပြင် စစ်ကော်မရှင်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မတရား ညှင်းပန်းနှိပ်စက်ခြင်း၊ မသန်စွမ်းအရေး လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်းနှင့် လိုအပ်သော ဆေးဝါးနှင့် လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများကို တားဆီးပိတ်ပင်ခြင်း စသည့် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်အထိ စစ်ကော်မရှင်၏ သတ်ဖြတ်မှုကြောင့် မသန်စွမ်းသူ ၁၁၇ ဦးအထိ သေဆုံးခဲ့ရကြောင်း အာရက္ခလေ့လာရေးစင်တာ၏ အစီရင်ခံစာအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ