သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်၊ ဖုံသာချောင်း​ဒေသက ရေဘေးသင့် ပြည်သူများကို ULA/AA ကူညီပေးနေ



AB News – ဇူလိုင် ၁၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေကြီးနေမှုကြောင့် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရသော ဒေသခံပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အရေးပေါ် သွားရောက်ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်​နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖုံသာချောင်း​​ဒေသရှိ ကျေးရွာအများအပြားတွင် ရေနစ်မြုပ်မှုများ ဖြစ်ပွား​နေ​ပြီး ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအတွက် အရေးပေါ်အကူအညီ လိုအပ်နေကြသည်။

ထို့ကြောင့် ULA/AA ၏ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများသည် စက်လှေများနှင့် ဖုံသာချောင်းဒေသသို့ သွားရောက်ကာ ​နေရာ​ရွေ့​ပြောင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ မင်းပြားတွင် ​မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ လေးမြို့မြစ်ရေ မြင့်တက်လာမှုကြောင့် ဖုံသာချောင်းဒေသအပါအဝင် ကျေးရွာပေါင်း ၂၂ ရွာထက်မနည်း ရေနစ်မြုပ်နေကြာင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ