
AB News – ဇူလိုင် ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် စစ်ကော်မရှင်တပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးကွင်းဟောင်းကို ယနေ့ညနေပိုင်းအချိန်တွင် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့၊ ညနေ ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
” ၇ နာရီ ၁၅ မိနစ်လောက်က ဂျက်ဝဲပြီးတေ့ာချတာ။ ဗုံးချသံကြားရတာတေ့ာ ၃ ခေါက်လောက်ရှိပြီ။ ကမ်းနီရွာနားမှာ ကျတယ်လို့ ကြားရတယ်။ ဂျက်ကအခုထိဝဲတုန်းပဲ။ အထိခိုက်တော့မသိရသေးဘူး” ဟု ဆိုသည်။
အဆိုပါလေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်လက်များကို AB News မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။