
AB News – သြဂုတ် ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဩဂုတ်လ ၁ ရက်၊ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်တင် မော်တော်ယာဉ်တစ်စီးတိုက်မိ၍ Grade-3 ကျောင်းသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။
သေဆုံးသွားသော ကလေးငယ်မှာ ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် ၁၀ နှစ်အရွယ် မောင်ဟိန်းတိုးနိုင် (Grade-3 ကျောင်းသား) ဖြစ်သည်။
ဖြစ်စဉ်မှာ မောင်ဟိန်းတိုးနိုင်သည် သူငယ်ချင်း ၃ ဦးနှင့်အတူ ကျောင်းတက်ရန်အတွက် သာစည်ကျေးရွာနှင့် လက်ဝဲစာတိုက်ကျေးရွာကြား လမ်းအကွေ့တွင် ဆရာမအလာကို စောင့်ဆိုင်းနေစဉ် မျက်နှာချင်းဆိုင်မှလာသော ယာဉ်တစ်စီးကို ရှောင်တိမ်းလိုက်သည့် ခရီးသည်တင်ကားက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၁ ဦး လိုက်ပါလာပြီး ယာဉ်တိုက်မှုအပြီး ကားတိမ်းစောင်းသွားခဲ့သဖြင့် ခရီးသည်အချို့လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
လက်ရှိတွင် ယာဉ်မောင်းအား တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – Narinjara