သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင် ကျောင်းထိုင်ဆရာတော် ဓားပြတိုက်ခံရပြီး ဓားထိုးဒဏ်ရာရရှိ

AB News – ဇူလိုင် ၂၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည့် စစ်တွေမြို့၌ ကျောင်းထိုင်ဆရာတော်တစ်ပါး ဓားပြတိုက်ခံရမှုအတွင်း ဓားထိုးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓားထိုးခံရသည့် ဆရာတော်မှာ မင်းဂံရပ်ကွက်၊ ဝေသာလီအားကစားကွင်းအနီးရှိ ဥဿလင်းကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း ဆရာတော်သည် ဓားဖြင့် တိုက်ခိုက်ခံရကာ ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

စစ်တွေမြို့တွင် လက်ရှိအချိန်၌ လုံခြုံရေးအခြေအနေများနှင့်အတူ စားနပ်ရိက္ခာရှားပါးမှု၊ အခြေခံကုန်ပစ္စည်းဈေးနှုန်း မြင့်တက်မှုများနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာမှုတို့ကြောင့် ဒေသခံများမှာ နေ့စဉ်စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

လူမှုစီးပွားရေး ဖိအားများ မြင့်တက်လာနေသည့် အခြေအနေအတွင်း မြို့ပြလုံခြုံရေးနှင့် ပြည်သူများ၏ အသက်အိုး အိမ်လုံခြုံရေးအပေါ် စိုးရိမ်မှုများလည်း တိုးပွားလာနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ