သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငပလီမြို့ ဗုံးကြဲခံရမှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

AB New – ဩဂုတ် ၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အရပ်သားများနေထိုင်ရာနေရာကို ဩဂုတ်လ ၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနှင့် Y-12 လေယာဉ် ၁ စီးအသုံးပြု၍ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးဖြစ်သည့် အသက် ၄၁ နှစ်အရွယ် ဦးကျော်သူနိုင်နှင့် အသက် ၆၀ အရွယ် ဒေါ်မစန်းမြင့်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားဒေသခံများမှာ ဘေးလွတ်ရာသို့ အချိန်မီတိမ်းရှောင်နိုင်ခဲ့သဖြင့် အသေအပျောက် မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် နေအိမ်များ၊ အဆောက်အအုံများ၊ ဘန်ဂလို ၂၀ ခန့်နှင့် ပြည်သူများ၏ အသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၃,၀၀၀ ကျော်ရှိကြောင်း AA က ဆိုသည်။

AA ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဈေးများနှင့် ဘာသာရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

Photo – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ