သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခဒေသအတွင်း စစ်ကော်မရှင်လေတပ်မှ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာ၍ ပြည်သူများ အထူးသတိပြုနေထိုင်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တိုက်တွန်း

AB News – မတ် ၁၄၊ ၂၀၂၆

အာရက္ခဒေသအတွင်း စစ်ကော်မရှင်လေတပ်မှ လေကြောင်းတိုက်ခိုက်မှုများ မြင့်တက်လာ၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ သတိပေးတိုက်တွန်းထားသည်။

စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှု မဖြစ်စေရန်အတွက် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အချက် (၈) ဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးထုတ်ပြန်ထားသည်။

(၁) လူနေအိမ် ခြံဝန်းများအတွင်း ဗုံးခိုကျင်းများ တူးထားရန်။

(၂) လေကြောင်းတိုက်ခိုက်မှု ဖြစ်ပေါ်လာပါက လျင်မြန်စွာ ပုန်းခိုနိုင်ရန် မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေစီးမြောင်းများကို သန့်ရှင်းရေးလုပ်ကာ မိမိတို့ကိုယ်တိုင် တူးဖော်ရှင်းလင်းထားရန်။

(၃) လေယာဉ်သံကို မကြားနိုင်စေသည့် အသံချဲ့စက်(စပီကာ) များကို ဆူညံအောင် ဖွင့်ထားခြင်းနှင့် အိတ်ဇောမပါသည့်ကား/ဆိုင်ကယ်များ မောင်းနှင်ခြင်း၊ နားကြပ်တပ်ကာ ဖုန်းအသုံးပြုခြင်းများ မပြုလုပ်ရန်။

(၄) Stage Show များအပါအဝင် ပျော်ပွဲရွှင်ပွဲနှင့် ပွဲလမ်းသဘင်များကို လူစုလူဝေးဖြင့် ကျင်းပခြင်း မပြုလုပ်ရန်။

(၅) အိပ်စက်အနားယူရာတွင် အတတ်နိုင်ဆုံး အိမ်အောက်ထပ်တွင်သာ နေထိုင်အနားယူရန်။

(၆) ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း မီးမထွန်းရန်။

(၇) မီးလောင်မှုဖြစ်ပွားပါက မီးသတ်ကားများ ဝင်ထွက်သွားလာနိုင်ရန် ကားအဝင်အထွက်နှင့် မလွတ်ကင်းသည့် လမ်းဘေးဆိုင်အယပ်များနှင့် အတားအဆီးဖြစ်နိုင်သည့် ပစ္စည်းများကို ဖယ်ရှားရှင်းလင်းထားရန်။

(၈) မိမိတို့ ရပ်ကွက်နှင့် ကျေးရွာများအတွင်း မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်များ သို့မဟုတ် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ တွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးဌာန၊ DELEPS စခန်း သို့မဟုတ် ပါတီရုံးများထံ သတင်းပို့ တိုင်ကြားရန်။

အဆိုပါစည်းကမ်းချက်များကို အာရက္ခဒေသတွင်း နေ ထိုင်သော ပြည်သူများအနေဖြင့် လိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးထားသည်။

ထိုသို့ လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ရခြင်းမှာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

#ArakanBayNews #AB_News #Military_Commission #လေကြောင်းရန် #ULA_AA #Airstrike_Awareness #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ