သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

AB News – နိုဝင်ဘာ ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နှင့် ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်က ယ‌နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကော်မရှင်က မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ကို ညနေ ၅ နာရီခွဲ လောက်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဗုံးချသံ ၃ ကြိမ်လောက်ကြားလိုက်တယ်။ မြောက်ဦးဘက်ကို ၂ လုံး၊ ကျောက်တော်ဘက်ကို ၁ လုံးကျတယ်” ဟု မြောက်ဦး ဒေသခံတစ်ဦးက AB News သို့‌ပြောသည်။

အလားတူ ယနေ့ ညနေ ၅ နာရီ ၃၂ မိနစ်အချိန်ခန့်တွင်လည်း ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာနှင့် ဝါးတောင်ကျေးရွာကို ဆက်သွယ်ထား‌သော ယိုးချောင်းတံတားကို ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက AB News သို့ပြောသည်။

ထိုသို့ နေရာနှစ်ခုတစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူ ရှိ/ မရှိ ကို AB News က ဆက်လက်စုံစမ်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ