AB News – ဇွန် ၂၀၊ ၂၀၂၆
မြောက်ဦးမြို့တွင် ရပ်နားထားသည့် တုတ်တုတ်ယာဉ်အား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိ၍ ဆိုင်ကယ်သမားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ၅ နာရီအချိန်တွင် မြောက်ဦးမြို့၊ တောင်ဖြူဆည်အနီးရှိ ကားလမ်းဘေးတွင် ရပ်နားထားသည့် တုတ်တုတ်ယာဉ်အား မြို့ထဲဘက်မှ အရှိန်ဖြင့်မောင်းနှင်လာသော ဆိုင်ကယ်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“တုတ်တုတ်က တောင်ဖြူဆည်ရှေ့က စားသောက်ဆိုင်ရှေ့မှာ လမ်းမပေါ် ကားဘီးတဖက်တင်ပြီး ရပ်ထားတာ၊ အဲ့တာကို အနောက်က လာတဲ့ ဆိုင်ကယ်က အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်သွားတာ။ တုတ်တုတ်က ရှေ့ကို နည်းနည်း လွှင့်သွားတယ်။ ဆိုင်ကယ်သမားလည်း ပြင်းထန်ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။
တုတ်တုတ်ယာဉ်ပိုင်ရှင်မှာ ကျောက်တော်မြို့နယ်၊ သဝင်းကိုင်းကျေးရွာမှ ရွာသားတစ်ဦးဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာသူမှာ မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးရွာမှ ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသူမှာ မဲရိုးကျိုးပဲ ဒဏ်ရာများရရှိသွားကာ လက်ရှိ အရေးပေါ်ကုသမှုခံယူနေရကြောင်း သိရသည်။
(ဓာတ်ပုံ – ပေးပို့)


