သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးခရိုင်အတွင်း ULA/AA ဦးဆောင်၍ အရိပ်ရသစ်ပင် ၁,၆၀၀ စိုက်ပျိုး

AB News – သြဂုတ် ၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးခရိုင်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် အရိပ်ရရှိရေးအတွက် ULA/AA ၏ ဦးဆောင်မှုဖြင့် အရိပ်ရသစ်ပင် ၁,၆၀၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးရေးအစီအစဉ်ကို သြဂုတ် ၇ ရက်တွင် မြောက်ဦးမြို့ရှိ တစ်နေရာ၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းကို ULA/AA မှ ဦးဆောင်ပြီး Metta Clinic၊ မြောက်ဦး
လူငယ်အင်အားစု၊ ပါတီလူငယ်အင်အားစု၊ HDCO နှင့် လူငယ်အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအစီအစဉ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသစိမ်းလန်းစိုပြေရေးနှင့် ဒေသအလှအပမြှင့်တင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး လူငယ်များ ပူးပေါင်းပါဝင်ကာ သစ်ပင်များကို စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်းအပြင် စိုက်ပျိုးထားသည့်အပင်များ ရေရှည်ရှင်သန်ကြီးထွားနိုင်ရေးအတွက် ရေလောင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် လိုအပ်သည့် ပြုစုထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း သိရသည်။

ယခုစိုက်ပျိုးထားသည့် သစ်ပင်များ ရေရှည်ရှင်သန်ကြီးထွားနိုင်ရန်အတွက် စိုက်ပျိုးပြီးနောက်ပိုင်း ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို အထူးအလေးထား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ သစ်ပင်စိုက်ပျိုးရေးအစီအစဉ်များကို မိုးရာသီကာလအတွင်း ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသအတွင်း သစ်ပင်စိုက်ပျိုးမှုများ တိုးချဲ့ဆောင်ရွက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပြင် အများပြည်သူများအတွက် အရိပ်အာဝါသရရှိရေးနှင့် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ