သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆလင်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဇူလိုင် ၁၊ ၂၀၂၆

ဘူးသီးတောင်မြို့နယ်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆလင်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၀ ခန့်က စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ ၂ စီးနှင့် Y 12 တစ်စီးဖြင့် ဘူးသီးတောင်မြို့နယ်၊ ဝါချီးလား (မူဆလင်) ကျေးရွာအနီးရှိ ဘောလုံးကွင်းကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါချီးလားကျေးရွာမှ မူဆလင်ကလေးငယ်တစ်ဦး ဗုံးစထိမှန်ပြီး ဘယ်ဖက်ပေါင်ရိုး ကျိုးသွားကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူမှာ ဝါချီးလားကျေးရွာမှ  ဦးဘာဆဲလ် ၏ သား အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရရှိခဲ့သည့် ကလေးငယ်အား နီးစပ်ရာ ဆေးခန်းသို့ ပို့ဆောင်ထားပြီး အရေးပေါ်ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ