AB News – ဇူလိုင် ၁၊ ၂၀၂၆
ပထမအကြိမ်ဖြစ် အာရက္ခလောင်ပေါ် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု ဆုကြီး ၄ ဆု၏ ပေါက်ဂဏန်းများ စတင်ထွက်ရှိလာပြီဖြစ်သည်။
အာရက္ခလောင်ပေါ်၏ ပထမ ဆုကြီး ကျပ်သိန်း ၅၀၀ ပေါက်ဂဏန်းမှာ 323692 ၊ ဒုတိယဆုကြီး ကျပ်သိန်း ၃၀၀ ပေါက်ဂဏန်းမှာ 116482၊ တတိယဆုကြီး ကျပ်သိန်း ၂၀၀ ပေါက်ဂဏန်းမှာ 079645 ဖြစ်သည်။
စတုတ္ထဆုကြီး ကျပ်သိန်း ၅၀ ဆု ၆ ဆု၏ ပေါက်ဂဏန်းများမှာ – (၁) 331004၊ (၂)168447၊(၃)220538၊ (၄)110036၊ (၅)292678၊ (၆)165555 တို့ဖြစ်သည်။
လောင်ပေါ်ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုငွေများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက အသိပေးထားသည်။
အာရက္ခလောင်ပေါ်အား အာရက္ခပြည့်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲတို့မှ ပထမဆုံးအကြိမ်ဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – Photo Grab





