သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆေးရုံဗုံးကြဲခြင်းသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနှင့် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးများအနက် တစ်ခုဖြစ်ကြောင်း ဦးခိုင်သုခ ပြော

AB News – နိုဝင်ဘာ ၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ သားဖွားဆေးရုံအား စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် လူ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနှင့် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးများအနက် တစ်ခုဖြစ်ကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခပြည်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် ဆေးရုံများ၊ အများပြည်သူ အသုံးပြုသည့် လမ်းတံတားများနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ဦးခိုင်သုခက ဆိုသည်။

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သည့် ရက္ခိုင်ပြည်သူများအတွက် တရားမျှတမှု ရရှိရေးနှင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီကို အရေးယူနိုင်ရေး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်ခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုလ နိုဝင်ဘာလ ပထမအပတ်အတွင်း အာရက္ခဒေသကို စစ်ကော်မရှင်တပ်မှ လေကြောင်းမှ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ