သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ပေါ် ဆုကြီး ပေါက်မဲဂဏန်းများ ထုတ်ပြန်

AB News – အောက်တိုဘာ ၁၊ ၂၀၂၆

စတုတ္ထအကြိမ်မြောက် အာရက္ခလောင်ပေါ်၏ ဆုကြီး ပေါက်မဲဂဏန်းများကို ယနေ့ အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စတုတ္ထအကြိမ်မြောက် အာရက္ခအောင်ဘာလေ၏ ဆုကြီးများအလိုက် ပေါက်မဲဂဏန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကျပ်သိန်း ၁,၀၀၀ ဆု (ပထမဆုကြီး – ၁ ဆု) – 383328
ကျပ်သိန်း ၇၅၀ ဆု (ဒုတိယဆုကြီး – ၁ ဆု) – 242658
ကျပ်သိန်း ၅၀၀ ဆု (တတိယဆုကြီး – ၁ ဆု) – 627386
ကျပ်သိန်း ၄၀၀ ဆု (စတုတ္ထဆုကြီး – ၁ ဆု) – 657052
ကျပ်သိန်း ၃၀၀ ဆု (ပဉ္စမဆုကြီး – ၂ ဆု) – 332189 / 047294
ကျပ်သိန်း ၂၀၀ ဆု (ဆဋ္ဌမဆုကြီး – ၂ ဆု) – 301911 / 265487
ကျပ်သိန်း ၁၀၀ ဆု (သတ္တမဆုကြီး – ၂ ဆု) – 357924 / 275925

အာရက္ခလောင်ပေါ်  ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆုငွေများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေး ထုတ်ပြန်ထားသည်။

အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၏ လောင်ပေါ်ဌာနခွဲက စနစ်တကျ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ထီဖွင့်ပွဲ၏ ဆုရလဒ်များကို ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ