သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျိန္တလီမြို့ကို စစ်တပ် ၂ ကြိမ်တိုင် လေကြောင်းမှ ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

AB News – စက်တင်ဘာ ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် စက်တင်ဘာ ၁၀ ရက် ည ၉ နာရီ ၄၁ မိနစ်တွင် ၁ ကြိမ်၊ ည ၉ နာရီ ၄၆ မိနစ်တွင် ၁ ကြိမ် ဂျက်ဖိုက်တာ ၁ စီးဖြင့် ကျိန္တလီမြို့ပေါ်သို့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ အသက် ၈၁ နှစ်အရွယ် ဦးဦးကျော်ခိုင်သည် ဗုံးစထိမှန်၍ နေရာ၌ပင် သေဆုံးသွားခဲ့သည်။

ထို့အပြင် အမှတ် (၂) ရပ်ကွက်မှ အသက် ၄၉ နှစ်အရွယ် ဦးချစ်စန်းမောင် (ခ) ချစ်ပု မှာလည်း ဘယ်ဘက် တင်ပါးနှင့် ခြေထောက်တို့တွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်းရှိ မြို့ရွာများကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

ထို့​ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်များကို အထူးသတိပြု၍ ဗုံးခိုကျင်းများ၌ နေထိုင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ထပ်မံ အသိပေး တိုက်တွန်းထားသည်။

Photo – Arakan Princess Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ