သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် ယိုးချောင်းတံတား ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ၇ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရရ

AB News – နိုဝင်ဘာ ၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်‌တော်-ပုဏ္ဏားကျွန်းအား ဆက်သွယ်တားသည့် ယိုးချောင်းတံတားကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အသက် ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါဝင် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၁ ဦး ထက်မနည်းရှိခဲ့ကြောင်းသိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့၊ ညန ၅ နာရီခွဲအချိန်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများမှာ ကျောက်တော်မြို့ နယ်၊ ဝါးတောင်ကျေးရွာမှ အသက် (၇) နှစ်အရွယ် မမြတ်သူဇာထွန်း၊ အသက် (၈) နှစ်အရွယ် မအေးငြိမ်းစံ၊အသက် (၃၇) နှစ်အရွယ် မဦးဆန်းဝေ၊ ပန်းဖဲချောင်းကျေးရွာမှ အသက် (၃၅) နှစ်အရွယ် ကိုအောင်ကျော်သိန်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာမှ အသက် (၂၉) နှစ်အရွယ် ကိုဌေးဌေးမင်း၊ အသက် (၃၆) နှစ်အရွယ် ကိုအောင်နိုင်ဦး(စစ်ရှောင်) နှင့် ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်မှ (အမည် စုံစမ်းဆဲ) အမျိုးသားတစ်ဦး တို့ဖြစ်ကြသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ ဝါးတောင်ကျေးရွာမှ ဒေါ်မယောင်း၊ မအေးစိုစံ၊ ဒေါ်မဲမသန်း၊ မလှိုင်လှိုင်ဝေ၊ ဦးစိန်သန်းဦး၊ ဦးအောင်လှကျော်(စစ်ရှောင်)၊ သလူချောင်းကျေးရွာမှ ဦးရွှေမောင်နှင့် ကျောက်တော်မြို့ပေါ်မှ အမည်မသိ အမျိုးသားတစ်ဦး တို့ဖြစ်ကြပြီး ထိုအထဲမှ ပြင်းထန်ဒဏ်ရာရရှိသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာမှ ဦးသိန်းဇော်ချေ အပါအဝင် ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာမှ ဦးစိုးစိုးနှင့် မအေးစန္ဒာ တို့ဖြစ်ကြသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ (နိုဝင်ဘာ ၁ ရက်)၊ ညဉ့် ၁၁ နာရီအချိန်ခန့်တွင်လည်း ကန်ဇောက်ကျေးရွာ အရှေ့ဘက် ကန်ဇောက်တောင်တန်းကို ဂျက်ဖိုက်တာ ၄ စီးနှင့် Y-12 လေယာဉ် တစ်စီးဖြင့် ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

ယိုးချောင်းတံတားတိုက်ခိုက်ခံရမှုအတွင်း ပန်းဖဲချောင်းကျေးရွာမှ သေဆုံးသွား ကိုအောင်ကျော်သိန်း၏ ဖခင် ဦးမောင်သောင်းက ” ကျွန်တော့်သား အလောင်းကို သင်္ဂြိုဟ်ဖို့လုပ်နေချိန် လာကြဲသွားတာပါ၊ သင်္ဂြိုလ်ဖို့လုပ်နေတဲ့ လူတွေက လယ်ကွင်းပြင်ထဲမှာ ပုန်းနေခဲ့ရသေးတယ်” AB News သို့ ယခုလို ပြောကြားခဲ့သည်။

အလားတူ စစ်ကော်မရှင်သည် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောနေရာများမှာ ဝီရဌာနီမြို့နယ်၊ မြောက်ဦမြို့၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားနှင့် ကန်ဇောက်တောင်တန်းတို့ ဖြစ်ကြပြီး တစ်နေ့ထဲတွင် နေရာ ၄ ခုထက်မနည်းကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၂) ဦးသေဆုံးပြီး ၃၂ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရသည်။

စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်အား ထိုးစစ်ဆင်နေသော စစ်မျက်နှာတိုင်းတွင် အထိခိုက်၊ အကျဆုံးများစွာဖြင့် ရှေ့မတိုးနိုင်ဖြစ်နေသည့်အတွက် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိနေသည်။

ပုံစာ – ကျောက်တော်မြို့နယ် ယိုးချောင်းတံတားဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူနှင့် အပျက်အစီးများအားတွေ့ရစဉ် (ပုံ – ABN)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ