
AB News – မတ် ၂၀၊ ၂၀၂၆
ပဲခူးတိုင်း ၊ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင် စစ်ကော်မရှင်တပ်၏အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံထားရသည့် တပ်သား (၃) ဦး လက်နက်ချ အလင်းဝင်လာကြောင်း ယနေ့ မတ်လ ၂၀နေ့တွင် KNU က ထုတ်ပြန်သည်။
အဆိုပါ တပ်သား (၃) ဦးမှာ ယမန်နေ့ မတ် ၁၉ ရက်နေ့တွင် လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ( ၉) ထံသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အလင်းဝ င်လာသောသူများမှာ စစ်ကော်မရှင်တပ်၏ ခမရ-၃၅၀ တပ်ရင်း သံဆိပ်စခန်း၌ တာဝန်ထမ်းဆောင်နေသော မောင်မင်းထက် အသက်( ၃၄ )နှစ်၊ မောင်ဖိုးသဲ အသက် (၂၈ )နှစ် နှင့် မောင်ဖိုးသား အသက် (၁၈) နှစ်တို့ ဖြစ်သည်။
ထိုသို့ အလင်းဝင်လာသည့် စစ်ကော်မရှင် တပ်သား ၃ ဦးက်ို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်KNLA တပ်ရင်း (၉) မှ ကောင်းမွန်စွာ စောင့်ရှောင့်ထားကြောင်းဆိုသည်။
လက်ရှိတွင် KNU ထိန်းချုပ်နယ်မြေ အသီးသီးတွင် စစ်ကော်မရှင်တပ်မှ တပ်သားများ လက်နက်ချ အလင်းဝင်မှု တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။
အာဏာသိမ်း စစ်ကော်မရှင်တပ်တွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် မိမိနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး ဆက်သွယ်ပူးပေါင်းကြရန်လည်း KNU က တိုက်တွန်းနှိုးဆော်ထားသည်။