သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်တပ်သား( ၃) ဦး KNUထံ လက်နက်ချ အလင်းဝင်

AB News – မတ် ၂၀၊ ၂၀၂၆

ပဲခူးတိုင်း ၊ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင် စစ်ကော်မရှင်တပ်၏အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံထားရသည့် တပ်သား (၃)  ဦး  လက်နက်ချ အလင်းဝင်လာကြောင်း ယနေ့ မတ်လ ၂၀နေ့တွင် KNU က ထုတ်ပြန်သည်။

အဆိုပါ တပ်သား (၃)  ဦးမှာ ယမန်နေ့ မတ် ၁၉ ရက်နေ့တွင် လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်  KNLA တပ်ရင်း ( ၉)  ထံသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အလင်းဝ င်လာသောသူများမှာ စစ်ကော်မရှင်တပ်၏ ခမရ-၃၅၀ တပ်ရင်း သံဆိပ်စခန်း၌ တာဝန်ထမ်းဆောင်နေသော မောင်မင်းထက် အသက်( ၃၄ )နှစ်၊ မောင်ဖိုးသဲ အသက် (၂၈ )နှစ် နှင့် မောင်ဖိုးသား အသက် (၁၈) နှစ်တို့ ဖြစ်သည်။

ထိုသို့ အလင်းဝင်လာသည့်  စစ်ကော်မရှင် တပ်သား ၃ ဦးက်ို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်KNLA တပ်ရင်း (၉) မှ ကောင်းမွန်စွာ စောင့်ရှောင့်ထားကြောင်းဆိုသည်။

‎လက်ရှိတွင် KNU ထိန်းချုပ်နယ်မြေ အသီးသီးတွင် စစ်ကော်မရှင်တပ်မှ တပ်သားများ လက်နက်ချ အလင်းဝင်မှု တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။

‎အာဏာသိမ်း စစ်ကော်မရှင်တပ်တွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် မိမိနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး ဆက်သွယ်ပူးပေါင်းကြရန်လည်း KNU က တိုက်တွန်းနှိုးဆော်ထားသည်။

AB_News #KNU #KNLA #SpringRevolution #Defection #BagoRegion #Kyaukkyi #Nyaunglebin #MilitaryCoup

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ