
AB News – စက်တင်ဘာ ၁၊ ၂၀၂၆
တတိယအကြိမ် အာရက္ခလောင်ပေါ်၏ ပထမဆုကြီး (ကျပ်သိန်း ၇၅၀)၊ ဒုတိယဆုကြီး (ကျပ်သိန်း ၅၀၀) နှင့် တတိယဆုကြီး (ကျပ်သိန်း ၄၀၀) ပေါက်မဲဂဏန်းများကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပထမဆုကြီး (ကျပ်သိန်း ၇၅၀)၏ ပေါက်ဂဏန်း – 329313
ဒုတိယဆုကြီး (ကျပ်သိန်း ၅၀၀)၏ ပေါက်ဂဏန်း – 272482
တတိယဆုကြီး (ကျပ်သိန်း ၄၀၀) ၏ ပေါက်ဂဏန်း – 029461
လောင်ပေါ်ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုငွေများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေးထားသည်။
အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲက စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ ယခုအကြိမ်သည် တတိယအကြိမ် လောင်ပေါ်ဖွင့်ပွဲ၏ ဆုရလဒ်များကို ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။