သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဥ္ဇနပူရမြို့နယ်တွင် ရေနစ်ပျက်စီး လယ်ယာများအတွက် ULA/AA က မျိုးစပါးများ အခမဲ့ထောက်ပံ့

AB News – ဩဂုတ် ၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဥ္ဇနပူရမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် စပါးပျိုးခင်းများနှင့် လယ်ယာများ ပျက်စီးခဲ့သည့် တောင်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က မျိုးစပါးများ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်နေ့တွင် အဥ္ဇနပူရမြို့နယ်၊ မင်းတင်မကျေးရွာရှိ ရေနစ်ပျက်စီးခဲ့သည့် လယ်ဧက ၄၄၀ အတွက် မျိုးစပါး တောင်း ၂၂၀ ကို ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် လက်ခုတ်ကျေးရွာရှိ လယ်ဧက ၂၀၀ အတွက်လည်း မျိုးစပါး တောင်း ၁၀၀ ကို ULA/AA က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည်တွင် ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ မြို့နယ်အများအပြားရှိ စပါးပျိုးခင်းများနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့အပြင် ဩဂုတ်လ ၁ ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်ရှိ ရေနစ်ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် ULA/AA က တစ်ဧကလျှင် မျိုးစပါး ၄ တောင်း (တစ်အိတ်) နှုန်းဖြင့် စုစုပေါင်း ဧက ၅၀၀ အတွက် မျိုးစပါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း ရေဘေးသင့်၍ ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ULA/AA က ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြား၌ မျိုးစပါးများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ