(တရားခံဖြစ်သူကို DLEPS ဖမ်းဆီးထား)

AB News – သြဂုတ် ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဥ္ဇနပူရမြို့နယ်၊ ခမောင်းတောကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က ဦးမောင်ထွန်းသိန်း၏တာ၌ တွေ့ရှိခဲ့ရသော အမည်မသိအမျိုးသားရုပ်အလောင်းမှာ ဇနီးဖြစ်သူမှ ဓားဖြင့်သတ်ဖြတ်ခဲ့ခြင်းကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာမှ အသက် ၃၁ နှစ်အရွယ် မောင်လှသန်း (စစ်ဘေးရှောင်) ဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဇနီးဖြစ်သူ၏ ဓားဖြင့်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၉ နာရီအချိန်လောက်တွင် ဇနီးဖြစ်သူမှ ရေထဲမျောချကာ အလောင်းဖျောက်ခဲ့ခြင်းဖြစ်သည်။
တရားခံ(ဇနီး)ဖြစ်သူမှာ အဉ္ဇနပူရမြို့နယ် သာယာကုန်းကျေးရွာမှ အသက် ၂၆ နှစ်အရွယ် အေးချေ ဖြစ်သည်။
၎င်းတို့နှစ်ဦးတွင် အသက် ၄ လအရွယ်အချေတစ်ဦးအပါအဝင် သားသမီး ၂ ဦးရှိပြီး သေဆုံးသူအမျိုးသားဖြစ်သူသည် အရက်သေစာသောက်စားလျှင်အလွန်ဆိုးသွမ်းသူဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက AB News သို့ပြောသည်။
လက်ရှိတွင် တရားခံ(ဇနီး)ဖြစ်သူကို ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ခန့်က တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) ဌာနက ဖမ်းဆီးထားပြီးတရားခံဖြစ်သူကလည်း ၎င်း၏အမျိုးသားအား အသေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားကြောင်း သိရသည်။