သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သားဖ ၂ ဦးပွဲချင်းပြီးသေဆုံး၊ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိ

AB New- သြဂုတ် ၁၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့ အမှတ် (၈) က ရပ်ကွက်၊ ၂ လမ်းကို စစ်ကော်မရှင်တပ်မှ ယနေ့ နံနက်ပိုင်းအချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သားဖ ၂ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ရသည်။

ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်တွင် သံတွဲမြို့၊ အမှတ် (၈) က ရပ်ကွက်၊ ၂ လမ်းရှိ ဖိုးဇီဝဆေးဆိုင်အနောက်ဘက်နေရာကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့ကြောင့် အသက် (၁၄) အရွယ် မချွန်းလဲ့ရွှေရည်နှင့် အသက် (၅၀) အရွယ် ဦးမင်းနောင်တို့ (သားဖ) နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ထို့ပြင် အသက် ၂ နှစ်အရွယ် အရွှေမိုးယဲသော်အပါအဝင် အသက် ၄၅ နှစ်အရွယ် ဇေယျာမင်းလွင်နှင့် အသက် ၄၀ နှစ်အရွယ် အဌေးဌေးမော်တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးရုံးတွင် ဆေးကုသမှုခံယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၃) နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ညဉ့်သံခေါင်ယံအချိန်တွင်
တိုက်လေယာဥ်တစ်စီးဖြင့် ဗုံး ၂ လုံးကြဲချခဲ့သောကြောင့် ကလေးငယ်၂ ဦးအပါအဝင်၊ အရပ်သား ၈ ဦးသေဆုံးခဲ့ရသည်။

စစ်ကော်မရှင်တပ်သည် သြဂုတ်လအတွင်း သံတွဲမြို့၊ မြောက်ဦးမြို့၊ အမ်းမြို့ ၊ ပလက်ဝမြို့နှင့် ဂွမြို့နယ်များကိုလေကြောင်ဖြင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

လက်ရှိစစ်မြေပြင်တွင်အထိနာနေသည့် စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများနေထိုင်သည့် မြို့၊ ရွာများကို လေကြောင်းဖြင့်တိုက်ခိုက်နေသောကြောင့် လေကြောင်းရန်ကို အထူးသတိထားကြရန် အာရက္ခတပ်တော်မှ အသိပေးနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ