သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုဒိန်းမှုတရားခံ ကျော်ဝင်းချေကို ဖမ်းဆီးပေးခဲ့သော အုပ်ချုပ်ရေးမှုကို ULA မှ ဂုဏ်ပြုငွေချီးမြှင့်

AB New – သြဂုတ် ၁၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေခရိုင်၊ အကျဥ်းထောင်မှထွက်ပြေးလွတ်မြောက်သွားခဲ့သည့် မုဒိန်းမှုတရားခံ ကျော်ဝင်းချေကိုဖမ်းစီးပေးခဲ့သည့် ပြင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှု ဦးဆန်းတင်အောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ယမန်နေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် ဂုဏ်ပြုငွေ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

မုဒိန်းမှုတရားခံ ကျော်ဝင်းချေသည် မုဒိန်းမှုတရားခံနောက်တစ်ဦးဖြစ်သည့် အသက် ၄၄ နှစ်အရွယ် ဘိုသန်းဝင်းနှင့်အတူ ပြီးခဲ့သည့်မေလ ၇ ရက်နေ့က စစ်တွေခရိုင်၊ အကျည်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် မုဒိန်းမှုတရားခံ ကျော်ဝင်းချေကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြေပုံမြို့နယ်၊ ပြင်ဝန်းအုပ်ချုပ်ရေးမှုးကိုတိုင် ဖမ်းစီးခဲ့ပြီး တရာဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) ထံပြန်လည်လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ယမန်နေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် ပြင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှု ဦးဆန်းတင်အောင်အား ငွေကျပ် ၁၀ သိန်းကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

မုဒိန်းမှုတရားခံ ကျော်ဝင်းချေသည် ဝီရဌာနီမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာမှ ၊ ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာသို့ စစ်ဘေးတိမ်းရှောင်နေသည့် အသက် ၃၄ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့မှုဖြင့် စစ်တွေခရိုင် အကျဉ်း‌ထောင်တစ်ခုတွင် ဖမ်းဆီးခံထားရသူဖြစ်သည်။

လက်ရှိတွင် ကျော်ဝင်းချေနှင့်အတူ နောက်ထပ်ထွက်ပြေးလွှတ်မြောက်သွားသည့် ရသေ့တောင်မြို့နယ်၊ ကြံတိုင်းအောင်ကျေးရွာမှ ဘိုသန်းဝင်းကိုလည်း (DLEPS) ဌာနမှ ဖမ်းစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ